Friday, February 20, 2009

နေပူထဲ
(ငါ)တစ်ယောက်ထဲ
လျှောက်ခဲ့စဉ်က အရိပ်တစ်ခု
(သူ)ညွန်ပြခဲ့တယ်
အတူခိုဝင်ရအောင်လို့
မပြောခဲ့ဘူး ပါဘူး . . .

မိုးရွာထဲ
(ငါ)တစ်ယောက်ထဲ
လျှောက်ခဲ့စဉ်က
ထီးတစ်လက်
(သူ)ကမ်းပေးခဲ့တယ်
အုပ်မိုးပေးခဲ့တာတော့
မဟုတ်ပါဘူး . . .

လှေတစ်စင်းနဲ့
မြစ်ပြင်ကျယ်
(ငါ)တစ်ဦးတည်း
ဖြတ်ခဲ့စဉ်က
(သူ)ပဲ့ကိုင်ပေးခဲ့ပါတယ်
လှိုင်းလေထန်တုန်းခဏပေါ့ . . .

လမိုက်ညအမှောင်
(ငါ)တစ်ကိုယ်တည်း
လျှောက်ခဲ့စဉ်က
(သူ)လမ်းပြခဲ့ပြန်တယ်

ကြယ်ရောင်နဲ့ခရီးဆက်တတ်အောင်ပေါ့ . . .

ဆူးခလုတ်တွေနဲ့
လဲကျပြန်တော့
(ငါ့)အားကျော်လွားစေခဲ့ပြန်တယ်
(သူ့)ခွန်အားများပေးပြီးပေါ့ . . .

(ငါ)ပျော်နေရင်
အဝေးကကျေနပ်နေတတ်ပြီး

(ငါ)အောင်မြင်နေရင်
တိတ်တဆိတ်ဂုဏ်ယူနေတတ်ပါသော

တစ်ချိန်က
ငါ၏ ( . . . . .)

No comments:

Post a Comment