Friday, February 6, 2009

ပြိုမလို
ဆင်နေတဲ့(မင်းရဲ့ )မိုးကို
စောင့်နေခဲ့တဲ့
(ငါ့)ရင်ထဲက
ပျိုးခင်းလေးတစ်ခု.....

(ဒါပေမယ့်)
မင်းကလေနှင်ရာ
လွင့်ပြန်တော့
သွေ့ ခြောက်နွမ်းလျလို့ပေါ့......

ဒီလိုနဲ့
အမှတ်မရှိ
ပျိုးခင်းလေးဟာ
(မင်းရဲ့ )ထစ်ချုန်းမိုးနဲ့
နိုးထချင်နေလေရဲ့ ......

No comments:

Post a Comment