Saturday, January 23, 2010

မွေးနေ.ဆုတောင်း

ဒီထက်မက
(အောင်မြင်ခြင်း).....

ဒီထက်မက
(ပြည်.စုံခြင်း) နှင့်.....

ဒီထက်မက
(ချမ်းသာခြင်း) တို့.....

ယနေ.မှစ ပိုင်ဆိုင်ရ၍
အသက်ရာကျော်
ရှည်ပါစေလို
တောင်းဆုပြု၏.....

ချစ်ညီမလေး
မွေးနေသို့.....

Thursday, December 17, 2009

တခဏတာ ပြည်တော်ပြန်ခရီး

မျှော်လင့်ခဲဘူးတဲ
အိမ်မက်လေးတစ်ခု
(ငါ) အသက်သွင်းဖို.....

ရူးသွပ်ခဲဘူးတဲ
အရာလေးတစ်ခု
(ငါ) အပြီးတိုင်အဆုံးသတ်ဖို.....

စော်ကားခံလိုက်ရတဲ
မာနတစ်ခု
(ငါ) တစ်စုံတစ်ရာပြန်ရရှိဖို.....

ရည်မှန်းခဲဘူးတဲ
(ငါ့) ပန်းတိုင်တစ်ခု
လမ်းကြောင်းတစ်ခုပေါ်ရောက်ရှိဖို.....

(အဲဒီလို)
ရသတွေစုံမဲ
(ငါ့)ရဲ
တခဏတာ
ပြည်တော်ပြန်ခရီးလေးတစ်ခု.....

Friday, December 4, 2009

ငါ့ရဲလမ်း

ဆုံးရှုံးသွားတဲ
အချစ်တစ်ခုကို
မွတ်သိပ်စွာ
(ငါ) တောင့်တမိရင်း…..

ပျက်သုဉ်းသွားတဲ
သစ္စာတရားကို
အံဩစွာ
(ငါ) နာကြည်းမိရင်း…..

ဆုံဆည်းခွင့်မဲသွားတဲ
ဖူးစာကို
လွမ်းဆွတ်စွာ
(ငါ) နှမြောမိရင်း…..

ပျောက်ဆုံးသွားတဲ
အဲဒီနေ့တစ်နေ့နောက်
ခြေရာကောက်ရင်း
(ငါ) ကိုယ်တိုင်ပျောက်ဆုံးသွားပြီ…..

(ချစ်သူ)
မင်းထားရစ်ခဲတဲ
အရင်တစ်နေထဲကလေ…..

Tuesday, November 17, 2009

အိမ်မက်ကောင်းကင်

ခိုလှုံခွင့်ရခဲတ.ဲ
(မင်း) ရင်ခွင်တစ်စုံနဲ.
ရှင်သန်ခွင့်ရခဲတ.ဲ
(ငါ့) အနာဂတ်တစ်ချို.

နှစ်သိမ့်မှုပေးလေ.ရှိတဲ.
(မင်း) အပြုံးတစ်ခုနဲ.
ပြေပျောက်စေခဲတဲ.
(ငါ့) ဘဝအမောတစ်ချို.

ခွန်အားတွေပေးလေ.ရှိတဲ.
(မင်း) လက်တစ်စုံနဲ.
ဖြစ်တည်စေခဲတဲ.
(ငါ့) အားအင်တစ်ချို.

ချည်နောင်ထားခ.ဲတဲ.
သံယောဇဉ်တစ်ခုနဲ.
ခိုင်မြဲလာခ.ဲတဲ.
(ငါ့) အချစ်တစ်ချို.

အိမ်မက်များစွာဖန်ဆင်းပေးတဲ.
ကောင်းကင်ရေ
(မင်း) ရင်ခွင်
(ငါ) ထာဝရ ခိုလှုံချင်ရဲ.

ဒီစကားလုံးကတော့ အခုမှအချစ်ကိုတွေရှိပြီ: အရမ်းလဲချစ်တတ်နေပြီဆိုတဲ bro တစ်ဦး ရဲ လက်ရာလေးပါ ဟီးဟီး

ဘုရားသခင်က
အမှား အမှန် သိဖို့ ဦးနှောက် ၁ လုံးရယ်.....

မြင်နိုင်ဖို့ မျက်စိ ၁ စုံရယ်.....

အနံ့ခံနိုင်ဖို့ နှာခေါင်း ၂ ပေါက်ရယ်....

စားချင် သောက်ချင်ရာ စားသောက်ပြီး ပြောချင်ရာ ပြောနိုင်ဖို့ ပါးစပ် ၁ ပေါက်ရယ်.....

ချစ်ချင်ရာ ချစ်ပြီး ခုန်ချင်တိုင်းခုန်နေတဲ့ နှလုံးသား ၁ ခြမ်းရယ်......

ကိုင်ချင်ရာ ကိုင် ရေးချင်ရာ ရေးနိုင်ဖို့ လက် ၂ ဖက်ရယ်.....

ဝင်လာသမျှကို မငြီးမငြူ ချေဖျက်ပေးတဲ့ အစာအိမ်ဦးဆောင်တဲ့ အစာချေအင်္ဂါ
အဖွဲ့အစည်းရယ်.......

လျှောက်ချင်ရာ လျှောက်ပြီး ရောက်ချင်ရာ ရောက်နိုင်ဖို့ ခြေ ၂ ချောင်းရယ်......

အဲဒီ အရာတွေအားလုံးကို

ပျော့ချင်တိုင်း ပျော့ စေးချင်တိုင်း စေးနေတဲ့ ရွှံစေးနဲ့ မယုံနိုင်ဖွယ်ရာ ဖန်ဆင်းပြီးတော့

ဂဏန်းသင်္ချာတွေနဲ့ ဖော်ပြလို့မရနိုင်လောက်အောင်မြန်တဲ့ စိတ်နဲ့တွယ်ကပ်ထားတဲ့ ၀ိဥာဉ် ၁
ခုကို
ထည့်ပေးလိုက်တာ.....

ငါ့ရဲ့ ပျောက်ဆုံးနေတဲ့ နှလုံးသား ၁ ခြမ်းပိုင်ရှင် မင်းကိုရှာဖို့လား..........

Friday, October 23, 2009

ဒုတိယမြောက်ဘူတာ

အမှတ်တမဲ

(ငါ့) မိုင်တိုင်များကို

အသက်ဝင်စေခဲ.သော

(ချစ်သူ).....



ခြောက်ကပ်စွာ

ကြေကွဲခဲ.ရတ.ဲ

ချစ်သူဖြစ်တည်စေခ.ဲသော

မျက်ရည်တွေနဲ.

(ငါ့) နေ့တွေ.....



တိတ်ဆိတ်စွာ

ကြည်နူးခ.ဲရဘူးတဲ.

ချစ်သူဖန်ဆင်းပေးသော

အနမ်းတွေနဲ.

(ငါ့) ညတွေ.....



ရူးသွပ်စွာ

စွဲလန်းခ.ဲရဘူးတ.ဲ

ချစ်သူပေးခ.ဲဘူးသော

ကဗျာမဆန်တ.ဲ

အယုအယလေးတွေ.....



နှစ်သက်စွာ

နားထောင်ခ.ဲရဘူးတ.ဲ

ချစ်သူပြောခဲ.ဘူးသော

ကာရန်မညီလေတ.ဲ

စကားလုံးလေးတွေ.....



ဒီလိုန.ဲ

ငါ့ရင်ခွင်ကို

ဖြတ်မောင်းသွားတဲ

မိုင်တိုင်နှစ်ဆယ်လေး ခုမြောက်

(ဒုတိယ ဘူတာ) ဆိုက်တော့မဲ.

(ငါ့) ရထားလေးရေ.....



(မင်း) အတွက်

(ငါ့) ရင်မှာ

လောင်စာတွေအပြည်နဲ.

(တတိယ ဘူတာ) အတွက်

(ငါ့) မိုင်တိုင်များ အသက်ဝင်လို

နေပြန်ပေါ့.....

ချစ်ညီမလေး အတွက် စကားလုံးတစ်ချို

ဘာမဟုတ်တဲ.
အရာတခုအတွက်
အရာလုပ်နေဖို.
(မင်း) မတန်ဘူး

မဖြစ်စလောက်
်သံယောဇဉ်အတွက်
အမှတ်ရနေဖို.
(မင်း) မတန်ဘူး

မရေရာခဲဘူးတ.ဲ
အချစ်တခုအတွက်
ခံစားနေဖို.
(မင်း) မတန်ဘူး

ထားခဲဘူးတဲ.
စေတနာ တစ်ချို.အတွက်
တသသဖြစ်နေဖို.
(မင်း) မတန်ဘူး

(မင်း)ရဲ.
သိပ်လှတဲဘဝလေးမှာ
ဒီလိုလူဟာ
(မင်းအတွက်)
တကယ်
မတန်ပါဘူး