Tuesday, November 17, 2009

ဒီစကားလုံးကတော့ အခုမှအချစ်ကိုတွေရှိပြီ: အရမ်းလဲချစ်တတ်နေပြီဆိုတဲ bro တစ်ဦး ရဲ လက်ရာလေးပါ ဟီးဟီး

ဘုရားသခင်က
အမှား အမှန် သိဖို့ ဦးနှောက် ၁ လုံးရယ်.....

မြင်နိုင်ဖို့ မျက်စိ ၁ စုံရယ်.....

အနံ့ခံနိုင်ဖို့ နှာခေါင်း ၂ ပေါက်ရယ်....

စားချင် သောက်ချင်ရာ စားသောက်ပြီး ပြောချင်ရာ ပြောနိုင်ဖို့ ပါးစပ် ၁ ပေါက်ရယ်.....

ချစ်ချင်ရာ ချစ်ပြီး ခုန်ချင်တိုင်းခုန်နေတဲ့ နှလုံးသား ၁ ခြမ်းရယ်......

ကိုင်ချင်ရာ ကိုင် ရေးချင်ရာ ရေးနိုင်ဖို့ လက် ၂ ဖက်ရယ်.....

ဝင်လာသမျှကို မငြီးမငြူ ချေဖျက်ပေးတဲ့ အစာအိမ်ဦးဆောင်တဲ့ အစာချေအင်္ဂါ
အဖွဲ့အစည်းရယ်.......

လျှောက်ချင်ရာ လျှောက်ပြီး ရောက်ချင်ရာ ရောက်နိုင်ဖို့ ခြေ ၂ ချောင်းရယ်......

အဲဒီ အရာတွေအားလုံးကို

ပျော့ချင်တိုင်း ပျော့ စေးချင်တိုင်း စေးနေတဲ့ ရွှံစေးနဲ့ မယုံနိုင်ဖွယ်ရာ ဖန်ဆင်းပြီးတော့

ဂဏန်းသင်္ချာတွေနဲ့ ဖော်ပြလို့မရနိုင်လောက်အောင်မြန်တဲ့ စိတ်နဲ့တွယ်ကပ်ထားတဲ့ ၀ိဥာဉ် ၁
ခုကို
ထည့်ပေးလိုက်တာ.....

ငါ့ရဲ့ ပျောက်ဆုံးနေတဲ့ နှလုံးသား ၁ ခြမ်းပိုင်ရှင် မင်းကိုရှာဖို့လား..........

No comments:

Post a Comment