Showing posts with label လေလွင့်ရထားငယ်. Show all posts
Showing posts with label လေလွင့်ရထားငယ်. Show all posts

Saturday, December 27, 2008

လေလွင့်ရထားငယ် (ပထမနှစ်ပတ်လည်သို့ ရောက်ရှိကြမည့် ချစ်သူများသို့ ရည်ညွှန်းပါသည်)



ရထားငယ်တစ်စင်း

(သူ့)
ပထမဆုံး
ခရီးစဉ်အတွက်
ရည်မှန်းချက်တွေ
ယုံကြည်ချက်တွေ
မျှော်လင့်ခြင်းတွေနဲ့
(အစွမ်းကုန်)
ပြင်ဆင်လို့နေရဲ့ . . .

(သူ့)
ခရီးစဉ်
ကြမ်းတမ်းမှုတွေကို
ပြင်ဆင်ရင်း
သက်ပြင်းရှည်ကြီးတွေ
မှုတ်လို့နေရဲ့ . . .

(သူ့)
ခရီးဆုံးကို
သူကိုယ်တိုင်မသိသလို
လမ်းခုလတ်မှာလဲ
(သူ)
ပြိုလဲနိုင်တယ်လေ . . .

ဒီလိုနဲ့
(သူ့) ခရီးစဉ်မှာ

တခါတလေ
(သူ) လယ်ကွင်းပြင်တွေဖြတ်ခဲ့ရတယ် . . .

တခါတလေ
(သူ) မြစ်တွေကိုကျော်ခဲ့ရတယ် . . .

တခါတရံ
(သူ) မြို့ပြကိုဝင်ခဲ့ရသလို

တခါတရံ
(သူ) ကျေးလက်ကိုလဲရောက်ခဲ့ရတယ် . . .

ညအမှောင်ကို
(သူ) တစ်ယောက်ထဲကျော်ခဲ့ရသလို

မိုးသောက်ကိုလည်း
(သူ) တစ်ယောက်ထဲမျှော်ခဲ့ရတယ် . . .

ဒီလိုနဲ့
(ရထားငယ်)လေးဟာ
ပထမဆုံး
(သူ့ရဲ့)
လေလွင့်ဘူတာ
တစ်ခုဆိုက်ရောက်ခဲ့ပြီပေါ့ . . .