Saturday, May 30, 2009

အချစ်တခု
မတော်တဆ
ငါ့ဆီ
ရောက်လာတယ်.....

အဲ့ဒီ(အချစ်)
အတုအယောင် ပျော်ရွှင်မှုတွေနဲ့
ယုံလောက်အောင်
ပုံပြင်တွေပြောပြီး
(ငါ့အား)
ရူးသွပ်သွားစေခဲ့တယ်.....

အဲ့ဒီ(အချစ်)
လွမ်းမောမှုတွေနဲ့
ပူလောင်စေခဲ့ပြီး
ငါအနာဂတ်အား
မှေးမှိန်စေခဲ့ပြန်တယ်.....

နောက်ဆုံးတော့.....

မုန်းတတ်အောင်
သင်ခန်းစာတစ်ခုနဲ့
ဒဏ်ရာများစွာပေးပြီး
(ငါ့နှလုံးသားအား)
ရှင်သန်နေစေခဲ့တယ်.....

1 comment:

  1. အမုန်း ဆိုတာ ပူလောင်တယ် ညီမလေးရ။
    များများ ချစ်ပေးရတယ်။ (စတာ)
    ပျော်ရွှင်ပါစေ

    ReplyDelete