Sunday, June 21, 2009

ကျေးဇူးပါ(ချစ်သူ)
အတ္တတွေနဲ့ (ငါ့အား)
နားလည်မှု များစွာ
ပေးနိုင်မှုတွေ အတွက်ပါ.....

ခွင့်လွှတ်ပါ (ချစ်သူ)
ထိန်းမရနိုင်တဲ့ (ငါ့ရဲ့)
ဒေါသတွေနဲ့

တဘက်သက်
အနိုင်ယူခဲ့မှုတွေအတွက်ပါ.....

ယုံကြည်ပါတယ် (ချစ်သူ)
သံသယ များစွာနဲ့ (ငါ့ကို)
ပျက်ပြယ်စေနိုင်ခဲ့တဲ့
(မင်းရဲ့)
ရိုးသားတဲ့အပြုအမူတွေ အတွက်ပါ.....

ခွင့်လွှတ်ပါတယ်ချစ်သူ
မဆုံနိုင်တော့တဲ့ နေ့တစ်နေ့အတွက်
ကြိုတင်ပြင်ဆင်မှုတွေပေးပြီး
(င့ါကို)
ရှင်သန်ရပ်တည် စေနိုင်ခဲ့မှုတွေအတွက်ပါ.....

မျှော်လင့်ခွင့်ပေးပါ (ချစ်သူ)
မှန်ကန်တဲ့ ငါ့မေတ္တာနဲ့
စစ်မှန်တဲ့ ငါ့သစ္စာတွေကြောင့်
မင်းနဲ့ဆုံဆည်းခွင့်ရမဲ့
တစ်ခုသော
နေ့စွဲလေးအတွက်ပါ.....